September 2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - စစ်ကိုင်းတိုင်းဒေသကြီး၏ နှစ်ပတ်လည်အခန်းအနားနှင့် ဆွေးနွေးဟောပြောပွဲအခန်းအနား

7-7-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - စစ်ကိုင်းတိုင်းဒေသကြီး၏ နှစ်ပတ်လည်အခန်းအနားနှင့် ဆွေးနွေးဟောပြောပွဲအခန်းအနား

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - စစ်ကိုင်းတိုင်းဒေသကြီး၏ နှစ်ပတ်လည်အခန်းအနားနှင့် ဆွေးနွေးဟောပြောပွဲအခန်းအနားကို ၂၀၁၈ခုနှစ်၊ ဇူလိုင်လ၊ (၇)ရက်နေ့တွင် မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ အသင်းချုပ်ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသနှင့်ပြည်နယ်များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အလုပ်အမှုဆောင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လက်လီအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အသင်းသားအသင်းသူများ၊ စိတ်ပါဝင်စားသူများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည် ....

ဟောပြောဆွေးနွေးသူများအဖြစ် ဆရာကြီး ဦးတင်ဇံကျော်၊ ဆရာ ဦးသောင်းစုငြိမ်း၊ အသင်းချုပ်ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်နှင့် အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်းတို့မှ ဆောင်ရွက်ပေးခဲ့ကြပါသည် ...

Myanmar Retailers Association (MMRA) နှင့် AYA Bank တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား

13-7-2018

Myanmar Retailers Association (MMRA) နှင့် AYA Bank တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၂၀၁၈-၁၉ ဘဏ္ဍနှစ်အတွင်း ဆောင်ရွက်မည့် ဟောပြောဆွေးနွေးပွဲ များတွင် main sponsor နှင့် co-sponsor များအဖြစ် ဆောင်ရွက်ပေးသွားမည့် AYA bank နှင့် Pahtama Group တို့နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇူလိုင်လ၊ (၁၃)ရက်နေ့ ညနေ (၃)နာရီတွင် ကျင်းပခဲ့ကြပါသည်။

အခမ်းအနားသို့ ဧရာဝတီဘဏ်နှင့် ပထမဂရုတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် ဘဏ္ဍာရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး ...

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ အသင်းချုပ်နှင့် အသင်းခွဲရုံးများတည်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးများတွင် ကျင်းပသွားမည့် နှစ်ပတ်လည်အခမ်းအနားနှင့်ဟောပြောပွဲများ၊ networking နှင့် sharing session များ၊ အသစ်တိုးချဲ့ဖွင့်လစ်သွားမည့် တိုင်းဒေသနှင့်ပြည်နယ် အသင်းတည်ထောင်ခြင်း အခမ်းအနားများတွင် ကူညီပံ့ပိုးပေးသွားရန် သဘောတူညီမှုရရှိခဲ့ကြသည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ဇူလိုင်လ Networking & Refreshment Day အစီအစဉ်

26-7-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ဇူလိုင်လ Networking & Refreshment Day အစီအစဉ်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ဇူလိုင်လ Networking & Refreshment Day အစီအစဉ်မှာတော့ City Express မှ Executive Director တစ်ဦးဖြစ်တဲ့ ကိုဇော်မင်းလတ်က "လက်လီဆိုင်များမှာ အလေအလွင့်နည်းပါးအောင် စီမံခန့်ခွဲခြင်း" (How to Reduce the Shrinkage in Retail) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးခဲ့ရာ ... လက်လီလုပ်ငန်းရှင်များ၊ ခေတ်မီလက်လီစတိုးများမှ တာဝန်ရှိသူများနဲ့ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ် ...

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ရှမ်းပြည်နယ်၏ ပထမဦးဆုံးအကြိမ် networking & sharing အစီအစဉ်

11-8-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ရှမ်းပြည်နယ်၏ ပထမဦးဆုံးအကြိမ် networking & sharing အစီအစဉ်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ရှမ်းပြည်နယ်၏ ပထမဦးဆုံးအကြိမ် networking & sharing အစီအစဉ်ကို အလုပ်ရုံဆွေးနွေးပွဲဖြင့် တွဲဘက်စီစဉ်ခဲ့ရာ အသင်းသားအသင်းသူ ၁၂၀ကျော် တက်ရောက်ခဲ့ကြပြီး၊ ဩဂုတ်လ (၁၁-၁၂)ရက်နေ့များ တွင် ဆရာဦးမြင့်ဇော် နှင့် ဆရာဦးသူရိန်ငြိမ်း တို့မှ Changes in Selling ခေါင်းစဉ်ဖြင့်ဆွေးနွေး ပို့ချပေးခဲ့ကြပါသည် ...

အစီအစဉ်ဖြစ်မြောက်ရေးအတွက် Main Sponsor အဖြစ် AYA Bank, Co-Sponsor အဖြစ် Phatama Groupတို့မှ ပံ့ပိုးကူညီပေးခဲ့ကြကြောင်းလည်း သတင်းရရှိပါတယ် ...

လက်လီစီးပွားရေးကျွမ်းကျင်မှု သင်တန်းအပတ်စဉ် (၁) - ကချင်ပြည်နယ်

11-8-2018

လက်လီစီးပွားရေးကျွမ်းကျင်မှု သင်တန်းအပတ်စဉ် (၁) - ကချင်ပြည်နယ်

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - ကချင်ပြည်နယ်မှ ဦးစီး၍ လက်လီစီးပွားရေးကျွမ်းကျင်မှု သင်တန်းအပတ်စဉ် (၁)ကို ဩဂုတ်လ ၁၁-၁၂ရက်နေ့များတွင် ကျင်းပခဲ့ပြီး ဆရာဦးထိန်လင်းမှ သင်းတန်းပို့ချပေးခဲ့ပါတယ်။ သင်တန်းဖြစ်မြောက်ရေးအတွက် Main Sponsor အဖြစ် AYA Bank, Co-Sponsors များအဖြစ် Phatama Group, Coca-Cola, Lucky Bakery, OVI Mobile Gold & Jewellery, တို့မှ တာဝန်ယူပံ့ပိုးပေးခဲ့ကြကြောင်းလည်း သတင်းရရှိပါတယ်

ထိုင်းနိုင်ငံ ICVeX Company မှစီစဉ်ဆောင်ရွက်တဲ့ MyanmarFoodBev နဲ့ Retail Sourcing ပြပွဲ ဖွင့်ပွဲ

17-8-2018

ထိုင်းနိုင်ငံ ICVeX Company မှစီစဉ်ဆောင်ရွက်တဲ့ MyanmarFoodBev နဲ့ Retail Sourcing ပြပွဲ ဖွင့်ပွဲ

မန်မာနိုင်ငံလက်လီရောင်းချသူများအသင်းနှင့် ICVeX company တို့ပူးပေါင်းကျင်းပတဲ့ ...
လက်လီ - ငွေရေးကြေးရေး - အလုပ်သမားအရေး ခေါင်းစဉ်ဖြင့်ကျင်းပတဲ့ မြန်မာနိုင်ငံလက်လီရောင်းချ သူများအသင်းရဲ့ networking & sharing session ....

ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးပါသော ICVeX, AYA Bank နဲ့ Pahtama Group တို့နဲ့ Speakers များအဖြစ်ဆောင်ရွက်ပေးကြပါသော ဆရာဦးခင်မောင်ညို (ခင်မောင်ညို - ဘောဂဗေဒ)၊ ဧရာဘဏ်ရဲ့ Retail Banking Director ဦးသူရမောင် နဲ့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်တင်စုလှိုင် တို့ကို အထူးကျေးဇူးတင်ပါတယ်။

Myanmar FoodBev & Retail Sourcing ပြပွဲ

18-8-2018

Myanmar FoodBev & Retail Sourcing ပြပွဲ

ICVeX Company က တပ်မတော်ခန်းမမှာကျင်းပတဲ့ Myanmar FoodBev & Retail Sourcing ပြပွဲကို အားဖြည့်ပေးတဲ့အနေနဲ့ မြန်မာနိုင်ငံလက်လီရောင်းချ သူများအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ... "အမြတ်ပိုရနိုင်သော ကုန်ပစ္စည်းခင်းကျင်းနည်း" ခေါင်းစဉ်ဖြင့် ဩဂုတ်လ၊ (၁၈) ရက်နေ့နံနက်ပိုင်းက အဖွဲ့လိုက်ဆွေးနွေးဖြေကြားပေးခဲ့ကြပါတယ် ...

စနေနေ့မနက်ပိုင်းမှာ အချိန်ပေးပြီး ဆွေးနွေးရှင်းလင်း ဖြေကြားပေးကြပါသော ဒေါ်တင်စုလှိုင်၊ ဒေါ်ခင်မျိုးသက်၊ ဒေါ်ဖြူမာမြင့်၊ ဒေါ်ဇင်ဇင်ညိုမြင့်နှင့် abc မှတာဝန်ရှိသူ များဖြစ်ကြတဲ့ ဦးရဲဖြိုးသော်၊ ဦးပြည့်ဖြိုးဦး တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း .

MSME များ၏ ပဉ္စမအကြိမ်မြောက် ဒေသတွင်းထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ

19-8-2018

MSME များ၏ ပဉ္စမအကြိမ်မြောက် ဒေသတွင်းထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှကြီးမှူး ကျင်းပသည့် MSME များ၏ ပဉ္စမအကြိမ်မြောက် ဒေသတွင်းထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ တွဲဘက်အတွင်းရေးမှူး ဒေါ်သီတာသန်း၊ စစ်ကိုင်းတိုင်းဒေသကြီးလက်လီအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အသင်းဝင်းလုပ်ငန်းများ ဖြစ်ကြသော စီးတီးမတ်၊ အေဘီစီ၊ ရွှေဂန္ဓမာလုပ်ငန်းစုများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည် ...

ဒေသအတွင်းရှိ ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ခေတ်မီလက်လီလုပ်ငန်းများနှင့်ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ အသင်းဝင်ခေတ်မီလက်လီလုပ်ငန်းများမှ သက်ဆိုင်ရာတိုင်းဒေသများသို့ လိုက်လံတွေ့ဆုံ ဆွေးနွေးပေးခဲ့ကြခြင်း ဖြစ်ပါသည် ...

MyanmarFoodBev နဲ့ Retail Sourcing ပြပွဲ ဖွင့်ပွဲ

17-8-2018

MyanmarFoodBev နဲ့ Retail Sourcing ပြပွဲ ဖွင့်ပွဲ

ထိုင်းနိုင်ငံ ICVeX Company မှစီစဉ်ဆောင်ရွက်တဲ့ MyanmarFoodBev နဲ့ Retail Sourcing ပြပွဲ ဖွင့်ပွဲကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ဩဂုတ်လ (၁၇)ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မြန်မာနိုင်ငံလက်လီရောင်းချသူ များအသင်း၊ အသင်းဥက္ကဋ္ဌဒေါ်ဝင်းဝင်းတင့်၊ ဒုတိယဥက္ကဋ္ဌနှင့် ပညာရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဝေသစ်လွင် နဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ် ...

မြန်မာနိုင်ငံလက်လီရောင်းချ သူများအသင်းရဲ့ networking & sharing session ...ပွဲ

17-8-2018

မြန်မာနိုင်ငံလက်လီရောင်းချ သူများအသင်းရဲ့ networking & sharing session ...ပွဲ

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းနှင့် ICVeX company တို့ပူးပေါင်းကျင်းပတဲ့ ...