September 2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ Networking & Refreshment Day

22-3-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ Networking & Refreshment Day

 

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ နှစ်လတစ်ကြိမ်ကျင်းပမြဲဖြစ်သော Networking & Refreshment Day ကို ၂၀၁၈ခုနှစ်၊ မတ်လ (၂၂)ရက်နေ့က UMFCCI စတုတ္ထထပ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်မှာ abc Group ရဲ့ Managing Director ဖြစ်ပြီး၊ လက်လီအသင်းရဲ့ ဒုဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ဝေသစ်လွင်က Marketing in Retail ဆိုတဲ့ခေါင်းစဉ်နဲ့ သူရဲ့ လက်လီလုပ်ငန်းအတွေ့အကြုံကို သာမက၊

သူလုပ်ကိုင်နေတဲ့ ထုတ်လုပ်ခြင်း၊ ဖြန့်ချိရောင်းချခြင်းနဲ့ အမှတ်တံဆိပ်တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေကိုပါ ထည့်သွင်းပြီး ပေါ့ပေါ့ပါးပါး ရှင်းရှင်းလင်းလင်း ဆွေးနွေးပို့ချပေးခဲ့ပါတယ်။

မအားလပ်တဲ့ကြားက အချိန်ပေးခဲ့တဲ့ ဒေါ်ဝေသစ်လွင်ကို မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းအနေနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့၊ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ....

တက်ရောက်ခဲ့ကြတဲ့ ဧည့်ပရိတ်သပ်များ၊ အထူးသဖြင့် နေရာမရ၍ မတ်တပ်ရပ်ပြီး နားဆင်ခဲ့ကြသူများကိုလည်း ကျေးဇူးတင်ပါကြောင်းနဲ့၊ ဧည့်ဝတ်မကျေရှိခဲ့ပါက ခွင့်လွှတ်နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Myanmar Food & Drink Expo 2018

6-4-2018

Myanmar Food & Drink Expo 2018

Myanmar Food & Drink Expo 2018 ပြပွဲကို ဧပြီလ ၆ - ၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ လက်လီလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်း ရှင်များ၊ ဟိုတယ်လုပ်ငန်းများနှင့်

စိတ်ပါဝင်စားသူများ အားလုံး လာရောက်လေ့လာ နိုင်ကြောင်း ကြားသိရ ပါသည် ...

ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍရေးနှင့်စီးပွားရေးကော်မတီ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

3-5-2018

ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍရေးနှင့်စီးပွားရေးကော်မတီ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍရေးနှင့်စီးပွားရေးကော်မတီ 
အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(ရှမ်းပြည်နယ်)နှစ်ပတ်လည်နေ့အခမ်းအနား

21-5-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(ရှမ်းပြည်နယ်)နှစ်ပတ်လည်နေ့အခမ်းအနား

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း(ရှမ်းပြည်နယ်)နှစ်ပတ်လည်နေ့အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မိုးလုံလေလုံ အားကစားခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးစိုင်းညွန့်လွင်၊ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းချုပ် ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ဒေသခံ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (ရှမ်းပြည်နယ်)၏ ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များ၊ လက်လီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

ရှမ်းပြည်နယ်ရှိ လက်လီလုပ်ငန်းများမြှင့်တင်နိုင်ရေး အသိပညာပေးခြင်းကို Device မှ ဆရာကြီး ဦးတင်ဇံကျော် (Tin Zan Kyaw) နှင့် AYA Bank မှMD ဆရာကြီးဦးမြင့်ဇော် (@Myintzaw Zaw) တို့ဟောပြောပေးခဲ့ပြီး ဧည့်ပရိတ်သတ် (၇၀၀)ကျော် တက်ရောက်အားပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ အသင်းဝင်များ၏ networking & refreshment day အခမ်းအနား

25-5-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ အသင်းဝင်များ၏ networking & refreshment day အခမ်းအနား

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ အသင်းဝင်များ၏ networking & refreshment day အခမ်းအနား ...

အသင်းဝင်များနဲ့ စိတ်ဝင်စားသူ (၃၀၀)ကျော် တက်ရောက်ခဲ့ကြပြီး အသင်းဝင် (၅၀) ထပ်တိုးတဲ့ ပျော်စရာနေ့လေးတစ်နေ့ပါ။

ပွဲဖြစ်မြောက်အောင်ကူညီပေးခဲ့ကြတဲ့ အလုပ်အမှုဆောင်များ၊ ဧရာဝတီဘဏ်နဲ့ ပထမဂရုပ်မှတာဝန်ရှိသူများ၊ တက်ရောက်လာကြသူတစ်ဦးချင်းစီနဲ့ အချိန်တွေအများကြီးပေးပြီး အားပါးတရဟောပြောပေးတဲ့ strategy first ရဲ့ တည်ထာင်သူနဲ့ မန်းနေးဂျင်းဒါရိုက်တာ ဆရာဦးအောင်ချစ်ခင် တို့ကို အထူးကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး) Networking & Refreshment Day

10-6-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး) Networking & Refreshment Day

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မန္တလေးတိုင်းဒေသကြီး) ၏ ကျင်းပမြဲဖြစ်သော Networking & Refreshment Day ...

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရန် လက်လီလုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းခြင်း နှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့ (ယာယီ) ဖွဲ့စည်းခြင်း အခမ်းအနား

17-6-2018

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရန် လက်လီလုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းခြင်း နှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့ (ယာယီ) ဖွဲ့စည်းခြင်း အခမ်းအနား

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး) ဖွဲ့စည်းနိုင်ရန် လက်လီလုပ်ငန်းရှင်များနှင့်တွေ့ဆုံရှင်းလင်းခြင်းနှင့် အသင်းအလုပ်အမှုဆောင်အဖွဲ့ (ယာယီ) ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇွန်လ၊ (၁၇)ရက်နေ့နံနက် (၁၀)နာရီမှာ မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနျှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးမှာကျင်းပခဲ့ပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (အသင်းချုပ်)မှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်းတို့တက်ရောက်ရှင်းလင်းခဲ့ကြပြီး၊ မကွေးမြို့ စက်မှုနှင့်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးစိန်အေးမောင်၊ စည်ပင်သာယာရေးကော်မတီဝင် ဦးဖိုးနီတို့မှ အမှာစကားပြောကြားပေးခဲ့ကြပါတယ်။ အစည်းအဝေးသို့ တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြပြီး၊ အလုပ်အမှုဆောင်အဖွဲ့ (ယာယီ)၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးနျှင့် အလုပ်အမှူဆောင်အဖွဲများကို ရွေးချယ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး)၏ အလုပ်အမှုဆောင်အဖွဲ့ (ယာယီ)အနေဖြင့် မကွေးတိုင်းအတွင်းရှိ လက်လီလုပ်ငန်းရှင်များနှင့်ဆက်လက်တွေ့ဆုံစည်းရုံးသွားကာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း (မကွေးတိုင်းဒေသကြီး) အသင်းဖွဲ့စည်းကြောင်းကြေငြာခြင်းအခမ်းအနားကို လာမည့်လအနည်းငယ်အတွင်း ကျင်းပသွားမည်ဖြစ်ပါသည်။