June 2016

Associate Member

Associate Member

Associate Member can be any type of suppliers, distributors, wholesalers, semi-wholesalers, service providers and institutions. As long as it is somehow related with the retail industry, it is acceptable for Associate Membership of the Association.

အသင်းဝင်အဖြစ် ဖိတ်ခေါ်လိုသူများ

အသင်းဝင်အဖြစ် ဖိတ်ခေါ်လိုသူများ
  • Supermarkets (စူပါမားကတ်)
  • Hypermarkets (ဟိုက်ပါမားကတ်)
  • Department Stores (ကုန်တိုက်)
  • Mini Marts (မီနီမတ်)
  • Consumer Electronic Stores (အိမ်သုးံလျှပ်စစ်ပစ္စည်းအမျိုးမျိုး)
  • Convenience Stores (Traditional/ Modern)(အလျင်းသင့်စတိုးဆိုင်)
  • Grocery Stores (ကုန်စုံ / ကုန်ခြောက်ဆိုင်)
  • General Stores (အထွေထွေလူသုးံကုန်စတိုး)
  • Miscellaneous/ Sundry Stores (စတိုးဆိုင် / အိမ်ဆိုင်)
  • Kiosk/ Hawkers (စုံစီနဖာဆိုင် / ဖန်စီဆိုင်များ)
  • IT and Mobile Stores (ကွန်ပျူတာ ၊ ဖုန်းဆိုင်များ)
  • Drug Stores/Pharmacy Shops (အိမ်သုးံဆေးအမျိုးမျိုး)
  • Books/ Stationery Stores (စာအုပ် / စာရေးကိရိယာ)
  • Specialty Stores (ကုန်ပစ္စည်းအမျိုးအစားတစ်ခုခုကို အထူးပြုရောင်းသော ဆိုင်များ)(baby, bags, beauty, building materials, clothing, cosmetics, fashion & apparel, furniture, liquor, watch & jewellery, etc. ……..)

Retail Industry Development Committee

Retail Industry Development Committee

လက်လီရောင်းချရေးလုပ်ငန်းဖွံ့ဖြိုးမှုကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။

  • လက်လီ ရောင်းချသူအသင်းဝင်များအတွက် လျှို့ဝှက်ဈေးဝယ်အစီအစဉ်(Mystery Shopping Program) ဖွံ့ဖြိုး တိုးတတ်လာစေရန်
  • လက်လီရောင်းချရေးလုပ်ငန်းအတွင်း ဝန်းထမ်းများခန့်ထားမှုကို စောင့်ကြည့်လေ့လာရန်
  • ကုန်ပစ္စည်း ဖြည့်တင်းရေးကျပနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက် များ(Supply chain & Logistic Information) ကို စောင့်ကြည့်လေ့လာရန်
  • နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် ဝယ်ခွန်ပြန်အမ်းအစီအစဉ်(Tax Refund Program) ကိုစတင်ဖော်ဆောင်နိုင်ရန်

Education Committee

Education Committee

အသိပညာပြန့်ပွားရေး ကော်မတီ အနေဖြင့် အောက်ပါ အခြေခံရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။

  • သင်တန်းများစီစဉ်ပေးခြင်း
  • လုပ်ငန်းစုဆိုင်ရာ စာအုပ်ထုတ်ဝေခြင်း
  • လက်လီရောင်းချရေးလုပ်ငန်းစုဆိုင်ရာ စာအုပ်ပြုစုနုင်သူများကို ထောက်ပံ့ကြေးများ(Grants ) သို့မဟုတ် ဆုချီးမြှင့်မှုများ (Awards) ပြုလုပ်ပေးခြင်း
  • မတူညီသော Industry Information များ ဖလှယ်နိုငရန် MBA ပရိုဂရမ်များ ၊ ပညာရေးဆိုင်ရာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပေးခြင်း ၊ ပူးပေါင်းဆောင်ရွက်ခြင်း
  • တွေ့ဆုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ပြုလုပ်ပေးခြင်း
  • ခေတ်မီလက်လီရောင်းချရေးလုပ်ငန်းစုဆိုင်ရာ အသိပညာများ လေ့လာနိုင်ရန်(နှစ်စဉ် သို့မဟုတ် နှစ်ဝက် တကြိမ်) နိုင်ငံခြားခရီးစဉ်များစေလွှတ်ခြင်း

Communication & Public Affair Committee

Communication & Public Affair Committee

 ပြန်ကြားရေး နှင့် ပြည်သူဆက်ဆံရေး ကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။

  • လက်လီအရောင်းလုပ်ငန်းများအချင်းချင်း ရင်းနှီးစွာ တွေ့ဆုံဆက်ဆံနိုင်ရေး လှုပ်ရှားမှုများ(Networking Events)
  • ပြည်တွင်းရှိ လက်လီအရောင်းလုပ်ငန်းများ ခင်မင်ရင်းနှီးမှုနှင့် လက်တွဲလုပ်ဆောင်နိုင်မှုများ
  • နိုင်ငံရပ်ခြားရှိ လက်လီရောင်းချသူများအသင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု
  • မီဒီယာများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ (Media Relation)
  • အသင်းဝင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ(Member Relation)
  • အရေးတကြီး အခြေအနေများအတွက် ဆက်သွယ်အကြောင်းကြားခြင်းများ
  • မြန်မာနိုင်ငံတွင် လက်လီရောင်းချရေးလုပ်ငန်းအပေါ်ထားရှိသော အမြင်နှင့်သဘောထားများ တိုးတတ် ကောင်းမွန်လာအောင် ဆောင်ရွက်ပေးခြင်း
  • လက်လီရောင်းချသူများ စိတ်ဝင်စားနိုင်သောသတင်းများကို စုစည်းပေါ်ရာသတင်းဌာနအဖြစ် ဆောင်ရွက်ပေးခြင်း။ (သတင်းစာစောင်၊ ကြေငြာလွှာများမှတဆင့် အသင်းဝင်များအတွက် လက်လီအရောင်းလုပ်ငန်းဆိုင်ရာသတင်းများ ၊ ပညာသင်ဆု၊ အအစိုးရအပေါ်လစီ၊ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းများ စသည်တို့ ထုတ်ပြန်ပေးခြင်း။ )

 

Advocacy Committee

Advocacy Committee

လုပ်ငန်းရေးရာ မြှင့်တင်ရေးကော်မတီ အနေဖြင့် အောက်ပါ အခြေခံ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်လျှက်ရှိပါသည်။

  • လက်လီရောင်းချသူများ၏ စိတ်ဝင်စားမှုနှင့် အမြင်များကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများထံသို့ တင်ပြရန်
  • လုပ်ငန်းစုတစ်ခုလုးံကို တစ်ပေါင်းတစ်စည်းတည်းအဖြစ် ကိုယ်စားပြုပေးနိုင်ရန်
  • အစိုးရဝန်ကြီးဌာန နှင့် လက်လီရောင်းချရေးလုပ်ငန်းစုအကြား တာဝန်ခံဆက်သွယ်သူအဖြစ် ဆောင်ရွက်ပေးရန်
  • လက်လီရောင်းချမှုလုပ်ငန်းများ၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို တွန်းအားပေး ပုံဖော်ရန်
  • မြန်မာ့ လက်လီအရောင်းလုပ်ငန်းအပေါ် စိတ်ဝင်စားမှုအရပ်ရပ်မှ အကောင်းဆုးံကာကွယ်ပေးရန်(ဥပမာ - အခွန်စည်းကြပ်ခြင်း နှင့် နိုင်ငံခြားရင်းနှီးငွေမြုပ်နှံမှု၊ စသည် )

 

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၅ ကြိမ်မြောက် အစည်းအဝေး။[ဇန်န၀ါရီလ (၂၃)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၅ ကြိမ်မြောက် အစည်းအဝေး။[ဇန်န၀ါရီလ (၂၃)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၁၅ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို ဇန်န၀ါရီလ (၂၃)ရက်နေ့ ၂၀၁၄ခုနှစ် ကြာသာပတေးနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ Japan Retailers Association နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း တို့ တွေ့ဆုံမည့် ဆွေးနွေးပွဲ အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ လက်ရှိအလုပ်အမှူဆောင်များနှင့် ထပ်မံလျှောက်ထားသော အလုပ်အမှူုဆောင်သစ်မျာ၏ ရာထူးအလိုက် ပြန်လည်ဖွဲ့စည်းပုံကိုပြသခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ မန္တလေးတိုင်းဒေသကြီး၏ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ လက်လီရောင်းသူများအသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်း နှင့် ၂၀၁၄ခုနှစ် အတွင်း ပြုလုပ်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးရေးဆွဲခြင်း၊ မီဒီယာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လက်လီနယ်ပယ်အတွင်း ဖြစ်ပေါ်လာနိုင်သော ကိစ္စရပ်များကို သတင်းအဖြစ်ရေးသားမည့်ကိစ္စရပ်အပေါ် ဆွေးနွေးခြင်း နှင့် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ Web Page ကိုပြသခြင်းများကို ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၆ ကြိမ်မြောက် အစည်းအဝေး။[ မတ်လ (၁၁)ရက်နေ့ ၂၀၁၄ခုနှစ် ]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၆ ကြိမ်မြောက် အစည်းအဝေး။[ မတ်လ (၁၁)ရက်နေ့ ၂၀၁၄ခုနှစ် ]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၁၆ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို မတ်လ (၁၁)ရက်နေ့ ၂၀၁၄ခုနှစ် အင်္ဂါနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမှ ရေးဆွဲထားသော လုပ်ငန်းစဉ်များကို ကော်မတီအလိုက် လုပ်ဆောင်ရန် အတွက် ချမှတ်အကောင်အထည်ဖော်ခြင်း၊ Retail Training Center တည်ထောင်ရန် ဆွေးနွေးလိုခြင်း၊ Ooredoo မှ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံလိုကြောင်းပြောကြားထားခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ အသင်းသား လက်လီလုပ်ငန်းရှင်များကို အထူးပြုရောင်းချသော ကုန်စည် အမျိုးအစား (Cluster) အလိုက် ထားရှိလိုခြင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သို့ - နိုင်ငံခြားဖြစ် စီးကရက်၊ ဘီယာ၊ ဝိုင် နှင့် အရက်များအတွက် သွင်းကုန်လိုင်စင်နှင့် ပြည်တွင်းတွင် ရောင်းဝယ်ခြင်းဆိုင်ရာ မူဝါဒ (ပေါ်လစီ) အား ပုဂ္ဂလိက ကဏ္ဍမှ တင်ပြပေးနိုင်ရန် အတွက် ဦးဆောင်ဆွေးနွေးမှု ပြုလုပ်ပေးပါရန် တင်ပြထားခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ မန္တလေးတိုင်းဒေသကြီး မှ တင်ပြထားသော အကြောင်းအရာများကိုပြန်လည်ဆွေးနွေးတင်ပြခြင်း၊ နှင့် အခြားဆွေးနွေးလိုသည်များကို အစည်းဝေးတက်ရောက်သူများကတင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၇ ကြိမ်မြောက် အစည်းအဝေး။[ဇွန်လ (၅)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၇ ကြိမ်မြောက် အစည်းအဝေး။[ဇွန်လ (၅)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၁၇ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို ဇွန်လ (၅)ရက်နေ့ ၂၀၁၄ခုနှစ် ကြာသာပတေးနေ့ နေ့လည် (၃:ဝဝ)နာရီတွင် UMFCCI စတုတ္ထထပ် အစည်းဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အစီအစဉ်(၁)အရ အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်း နှင့် တွဲဖက်အတွင်းရေးမှူး ဦးနေ၀င်းမြင့်တို့က မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းမန္တလေးတိုင်းဒေသကြီးမှ ကြီးမှူးကျင်းပခဲ့သော "The System View of Tomorrow's Organization for MMRA" Seminar အကြောင်းနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ပြီး အစီအစဉ် (၂)အရ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ရောင်းဝယ်ဖောက်ကားမှုအပေါ် သတိပြုရန် ခေါင်းစဉ်ဖြင့် ဇွန်လ ၂ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပါသော သတိပေးတားမြစ်ချက် အား ဆွေးနွေးခြင်း နှင့် အစီအစဉ်(၃)အရ ဂျပန်နိုင်ငံမှ ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံသို့ လာရောက်ပြီး Distribution policy ဆိုင်ရာ သင်တန်းအားတက်ရောက်ရန်နှင့် ဂျပန်နိုင်ငံ၏လုပ်ငန်းများအား လေ့လာရန် ဖိတ်ခေါ်စာအား စီးပွားကူးသန်းဝန်ကြီးဌာနသို့ ပေးပို့ထားခြင်းများကို ပြောကြားတင်ပြခဲ့သည်။ အစည်းအဝေး အစီအစဉ်(၄) အရ အစည်းဝေးတက်ရောက်သူများက မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်းမှ ရေးဆွဲထားသော လုပ်ငန်းစဉ်များကို ကော်မတီအလိုက် လိုပ်ဆောင်ရန် အတွက် ချမှတ်အကောင်အထည်ဖော်ခြင်း ၁။ Financial and HR Management၂။ Operation Management ၃။ Supply Chain Mangement ၄။ Learning Best Practices အကြောင်း အားဆွေနွေးခြင်းများ၊ အစီအစဉ်(၅) အရ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်က မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်း Newsletter ထုတ်ရန်နှင့် Website Update ပြုလုပ်ရန်အတွက် ဆွေးနွေးခြင်း၊ အစီအစဉ် (၆) အရ ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင် သင်တန်းတက်ရောက်ခဲ့သော တွဲဖက်အတွင်းရေးမှူး ဒေါ်တင်စုလှိုင်မှ Competition Law နှင့် ပတ်သတ်ပြီး အသင်းအား ပြန်လည်းဆွေးနွေးတင်ပြခြင်း၊ အစီစဉ်(၇) အရ အစည်းဝေးတက်ရောက်သူအားလုံးမှ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း Retaliers Conference / Retailers Seminar ပြုလုပ်ရန်အတွက် ဆွေးနွေးခြင်း နှင့် အစီအစဉ်(၈)အရ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်မျိုးသက်မှ MMRA ၏ လက်ရှိ ဘဏ္ဍာရေး အခြေအနေ ကိုတင်ပြခြင်းတို့ကို ပြောကြားတင်ပြခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် နောက်ဆုံးအစီအစဉ်အဖြစ် Telenor မှ ကိုရေချမ်း နှင့် မခင်မေလင်းတို့က မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်း နှင့် တွေ့ဆုံဆွေးနွေးပြီး Telenor Myanmar နဲ့ MMRA နှစ်ခုပူးပေါင်းပြီး cooperation လုပ်ရန်ဆွေးနွေးပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၈ ကြိမ်မြောက် အစည်းအဝေး။[ဇွန်လ (၂၈)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း ၁၈ ကြိမ်မြောက် အစည်းအဝေး။[ဇွန်လ (၂၈)ရက်နေ့ ၂၀၁၄ခုနှစ်]

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏ ၁၈ ကြိမ်မြောက် လစဉ် ပုံမှန် အစည်းအဝေးကို ဇွန်လ (၂၈)ရက်နေ့ ၂၀၁၄ခုနှစ် အင်္ဂါနေ့ နေ့လည် (၄:ဝဝ)နာရီတွင် City Mart Holding Group အစည်းဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းဝေးပွဲတွင် ဒုတိယ ဥက္ကဌ ဦးမျိုးမင်းအောင်က ၂၀၁၄ခုနှစ် ဇူလိုင်လ ၃ရက်နေ့ နေ့လည် (၁၃း၀၀) နာရီတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော ပြည်ပမှတရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ကို အခွန်အခများပေးဆောင်စေပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်စေ၍ ဈေးကွက်အတွင်း တရားဝင်ရောင်းချစေသည့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ တွင် ဆွေးနွေးခဲ့သည်များကို အလုပ်အမှုဆောင်များအား ပြန်လည်တင်ပြခြင်း နှင့် ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့ နေ့လည် (၁၀း၀၀) နာရီတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးမှ ဒုတိယဝန်ကြီး ဦးထင်အောင် ဦးဆောင်၍ အလုပ်အကိုင်နှင့် ကျွမ်းကျင်မူဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေ (မူကြမ်း) နှင့်ပတ်သတ်၍ အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့သည်များကို အလုပ်အမှုဆောင်များအားပြန်လည်တင်ပြခြင်းများပြုလုပ်ခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးသူရိန်ငြိမ်း နှင့် တွဲဖက် အတွင်းရေးမှုး ဦးဇော်မင်းလတ် တို့က HIDA (The Overseas Human Resource and Industry Development Association) မှ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် Distribution Policy for Myanmar Training Program သို့ အသင်းသားများ တက်ရောက်နိုင်ရန်နှင့် တက်ရောက်မည့်သူများစိစစ်ရွေးချယ်နိုင်ရန် ဆွေးနွေးခြင်း နှင့် သင်္ယန်းကျွန်းမြို့နယ်ရှိ AKK Shopping Center မှ Center ရှိ ဆိုင်ခန်းများမှ လုပ်ငန်းအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရမူကို MMRA Members ကိုအောင်စည်ဖြိုး (O-Pa Faction) မှ အကူအညီတောင်း လာမူအပေါ် ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းTraining Center ထားရှိနိုင်ရန်အတွက် လက်ရှိဆောင်ရွက်နေသော Training Centerများနှင့်ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးခြင်း များအကြောင်းပြောကြားဆွေးနွေးခဲ့သည်။