August 2016

စစ်ကိုင်းတိုင်းဒေသကြီး အသင်းခွဲတည်ထောင်းခြင်းနှင့် အသင်းခွဲ၏ အလုပ်အမှုဆောင် ရွေးချယ်ပွဲ

9-1-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းခွဲတည်ထောင်းခြင်းနှင့် အသင်းခွဲ၏ အလုပ်အမှုဆောင် ရွေးချယ်ပွဲကို ယနေ့ ၂၀၁၆ခုနှစ်၊ ဇန္နဝါရီလ၊ (၉)ရက်နေ့မှာ မုံရွာမြို့၊ ဟိုတယ်ချင်းတွင်း၌ ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ဗဟိုမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း - မန္တလေးတိုင်းဒေသကြီးမှ ဥက္ကဌ၊ ဒုဥက္ကဌများ၊ အတွင်းရေးမှုးနှင့် အလုပ်အမှုဆောင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဥက္ကဌနှင့် ဒေသခံလက်လီ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

HIDA ၏ စီစဉ်ဖိတ်ကြားမှုဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပမည့် Workshop on Distribution Policy for Myanmar အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

11-1-2016

HIDA ၏ စီစဉ်ဖိတ်ကြားမှုဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ကျင်းပမည့် Workshop on Distribution Policy for Myanmar အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ... မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ အသင်းဝင်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ (၁၁.၁.၂၀၁၆)တွင် စတင် ထွက်ခွာသွားကြပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏၊ ၂၀၁၆ခုနှစ်အတွက် ပထမလပတ်အစည်းအဝေးကို ဇန္နဝါရီလ (၁၈) ရက်နေ့က၊ UMFCCI စတုတ္ထထပ် အစည်းအဝေးခန်းမတွင် ကျင်းပ

19-1-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၏၊ ၂၀၁၆ခုနှစ်အတွက် ပထမလပတ်အစည်းအဝေးကို ဇန္နဝါရီလ (၁၈) ရက်နေ့က၊ UMFCCI စတုတ္ထထပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ... ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တက်ရောက်သူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြရာ ...

(၁) ရန်ကုန်နှင့် မန္တလေးမြို့များတွင် လက်လီလုပ်ငန်းဆိုင်ရာ သင်တန်းများ ဖွင့်လစ်သွားရန်
(၂) နှစ်လတစ်ကြိမ် Knowledge Sharing Sessions များကျင်းပ သွားရန်
(၃) တိုင်းဒေသများအလိုက် တာဝန်ခွဲဝေဆောင်းရွက်နိုင်းရေးကိစ္စများနှင့် အသင်းသားတိုးပွားရေး အစီအစဉ်များစီစဉ်ဆောင်ရွက်သွားရန်
(၄) မန္တလေးတိုင်းဒေသကြီး လက်လီရောင်းချသူများအသင်း၏ စုစည်းပံ့ပိုးမှု၊ ဒေသခံများ၏ တက်ကြွစွာပါဝင်မှုဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် အသင်းခွဲအောင်မြင်စွာ ဖွဲ့စည်းနိုင်ခြင်း
(၅) နှစ်ပတ်လည်နှင့် သုံးလပတ်ဟောပြောပွဲနှင့် လစဉ်အစည်းအဝေး များအတွက် နေ့ရက်များသတ်မှတ်ခြင်း တို့ကိုဆွေးနွေးခဲ့ကြပြီး
(၆) ကော်မတီများအလိုက် ဆောင်ရွက်မည့်ကိစ္စများကို ဖေဖော်ဝါရီလ၊ (၁၉)ရက်နေ့ လစဉ်အစည်းအဝေးတွင် ပြန်လည်တင်ပြသွားကြရန် သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း

23-1-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း စစ်ကိုင်းတိုင်းဒေသကြီး စတင်ဖွဲ့စည်းခြင်း အထိမ်းအမှတ် ဟောပြောဆွေးနွေးပွဲ

24-1-2016

မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း စစ်ကိုင်းတိုင်းဒေသကြီး စတင်ဖွဲ့စည်းခြင်း အထိမ်းအမှတ် ဟောပြောဆွေးနွေးပွဲ မစတင်မီ လှုပ်ရှားမှုပုံရိပ်များ

လက်လီအရောင်းရဲ့ အောင်မြင်မှုသော့ချက်

25-1-2016

လက်လီအရောင်းရဲ့ အောင်မြင်မှုသော့ချက်

ဈေးဝယ်တွေဟာ စိတ်ကျေနပ်ပျော်ရွှင်မှုကိုသာ လိုလားပါတယ်တဲ့ ...

လက်လီအရောင်းရဲ့ အောင်မြင်မှုသော့ချက်ဟာ ဆိုင်အတွင်း (စားသုံးသူတွေကိုပေးလိုက်နိုင်တဲ့) အတွေ့အကြုံပေါ်မှာ အများကြီး တည်မှီနေပါတယ် ...

MMRA အသင်း၏ ပြန်ကြားရေးကော်မတီ မှ ဒု-ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် အသင်း၏ ပြန်ကြားရေးအပိုင်း နှင့် ပက်သက်သော ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေး

31-1-2016

MMRA အသင်း၏ ပြန်ကြားရေးကော်မတီ မှ 
ဒု-ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် အသင်း၏ 
ပြန်ကြားရေးအပိုင်း နှင့် ပက်သက်သော
ရှေ့ဆက်ဆောင်ရွက်သွားမည့် 
လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကြစဉ်။